ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် လဝါးရွာက စစ်ဘေးရှောင် ၅ဝဝ ကျော်အတွက် အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တောတွေထဲ တိမ်းရှောင်နေကြရသူတချို့ ပိတ်မိနေပြီး ပိတ်မိနေတဲ့ ဒေသခံတွေအတွက် ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။



