အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရှိမ်းမကားဘေးမဲ့တောရှိ တောရကြီးကျောင်းကြီးလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အနီး (၁၄) မိုင်လမ်းခွဲမှ အမှတ် (၃) လမ်းမကြီးခေါ် ခရိုင်ချင်းဆက်လမ်းအတိုင်း တောင်ဘက်သို့ သွားလျှင် (၂၆) မိုင်ဝန်းကျင်တွင် ရှိမ်းမကား လမ်းခွဲသို့ ရောက်ပြီး လမ်းခွဲမှ အရှေ့ဘက်သို့ (၂) မိုင်ဝန်းကျင်ခန့် ဆက်သွားလျှင် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ ရှိမ်းမကားကျေးရွာရှိ "ရှိမ္မကားတောရကျောင်း" သို့ရောက်ရှိမည်ဖြစ်သည်။



