ယနေ့ ဧပြီ(၁၂)ရက် (တန်ခူးလပြည့်နေ့) မွန်းလွဲ (၃)နာရီအချိန်၌ ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့သလိုအဆိုပါ မိုးရွာသွန်းမှုသည် ယခု ဧပြီလ ဒုတိယပတ်အတွင်း မိုးရေပမာဏာ စံချိန်တင်ရွာသွန်းသည့် အခြေအနေတွင် တွေ့ရှိရပြီး အချို့သော မြစ်ချောင်းနှင့်နီးသည့် ရပ်ကွက်အချို့ ရေဝင်ရောက်သည်အထိ ဖြစ်ပွားခဲ့ပါတယ်။ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဧပြီ (၁၂) ရက်မှ ဧပြီ(၁၇) ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် နေရာကွ က်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက အသိပေးထားပါတယ်။
ရန်ကုန်တွင် မိုးသည်းထန်းစွာရွာသွန်းပြီး လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဆက်တိုက်ဖြစ်ပွားနေ
Apr 12 • 9:34 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


