အဆိုတော်နန်းမြတ်ဖြိုးသင်းဟာသူမကိုယ်တိုင်လည်း Single Mother တစ်ဦးဖြစ်တာကြောင့် ကိုယ်ချင်းစာစိတ်နဲ့ ငလျင်ဘေးကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးသွားပြီး Single Mother ဖြစ်သွားတဲ့မိခင်တွေကို ရေရှည်ထောက်ပံ့ပေးသွားမည့်ဒီလိုရေရှည် Plan လေးကိုစဉ်းစားခဲ့တာလည်းဖြစ်ကာ ဒီငလျင်ဘေးကြောင့် အိမ်ထောင်ဦးစီး အမျိုးသားဆုံးရှုံးသွားပြီး သားသမီးတွေနဲ့ကျန်ခဲ့တဲ့မိခင်တွေကို ၁ လ ငွေ ၁ သိန်းကျပ်နဲ့ ၁ နှစ်တိတိထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်။ သူမကတော့ မိခင် ၅ ဦးစာအတွက် ကျပ်သိန်း ၆၀ မတည်လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိမှာသူမနဲ့အတူ ဒီအစီအစဉ်လေးကို သဘောကျ ကိုယ်ချင်းစာလို့ ပါဝင်လှူဒါန်းချင်တဲ့ ပရိသတ်တွေလည်း အများအပြားရှိလို့နေပါတယ်။
အဆိုတော်နန်းမြတ်ဖြိုးသင်းဟာ ငလျင်ဘေးကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးသွားပြီး Single Mother ဖြစ်သွားတဲ့မိခင်တွေကို ရေရှည်ထောက်ပံ့ပေးသွားမည်
Apr 12 • 9:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


