အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Sky Villa အဆောက်အအုံပြိုကျသည့်နေရာအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ငွေသားများပါဝင်သော သံသေတ္တာတစ်လုံးအား တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ပစ္စည်းလက်ခံထိန်းသိမ်းရေးအဖွဲ့ထံသို့ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။



