စိတ်ဒဏ်ရာရခြင်းရဲ့ ရေတိုသက်ရောက်မှုများအနေနဲ့ ခေါင်းကိုက်ခြင်း၊ ဆာလောင်စိတ်နဲ့ အိပ်စက်မှု ပြောင်းလဲခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ အာရုံစူးစိုက်ပြဿနာများ ဖြစ်တတ်ကြပါတယ်။ လေ့လာချက်အသစ်မှာတော့ စစ်ပွဲကရတဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာမျိုးဟာ မျိုးရိုးစဉ်ဆက်အလိုက် DNA မျိုးဗီဇအမာရွတ်တွေပါ ကျန်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။နောက်မျိုးဆက်တွေကိုပါ စိတ်ထိခိုက်မှု လက်ဆင့်ကမ်းသွားပြီး စိတ်ဓာတ်ကျခြင်းနဲ့ အခြားသော စိတ်ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ သိသိသာသာ များစေပါတယ်။ ဒီသုတေသနမှာ ဆီးရီးယားမိသားစုပေါင်း ၄၈ ခုကို မျိုးဆက် ၃ ခုအထိ DNAဆန်းစစ်မှုများ ပြုလုပ်ကာ အတည်ပြုခဲ့ပါတယ်။ 
Apr 12 • 6:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


