မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ဖျက်အားပြင်း ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်အတွက် အမေရိကန် ဒေါ်လာ ၂၇၅ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။အဆိုပါ အကူအညီလိုအပ်ချက်သည် ပြန်လည်ထူထောင်ရေးအတွက် မပါသေးဘဲ လတ်တလော ငလျင်ဘေးသင့် သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် စားဝတ်နေရေးအတွက် လိုအပ်ချက်သာရှိသေးကြောင်း သိရသည်။မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက “ မြန်မာနိုင်ငံမှာ အဖျက်အားကြီးတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေး အစီအစဉ်ရဲ့ နောက်ဆက်တွဲ အရေးပေါ် အဆိုပြု လွှာတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ထိခိုက်မှု အပြင်းထန်ဆုံး ဒေသတွေက လူဦးရေ ၁ ဒသမ ၁သန်းကို အကူအညီတွေ ပေးနိုင်ဖို့ ကန်ဒေါ်လာ ၂၇၅ သန်းလိုအပ်ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။


