(၁) အသည်းထဲမှာ အဆိပ်အတောက်များ ဖယ်ရှားနိုင်စွမ်းကျဆင်းတာကြောင့် အမြဲပင်ပန်းနွမ်းနယ်နေခြင်း
(၂) သွေးထဲမှာ ဘီလီရူဘင် အလွန်များပြားလာတာကြောင့် အရေပြားနဲ့ မျက်လုံးများ အဝါရောင်ဖြစ်လာခြင်း
(၃) ဝမ်းဗိုက်ညာဘက်အပေါ်မှာ နာကျင်လေးလံသလိုဖြစ်ကာ အရည်များစုပြုံ ရေဖျင်းစွဲလာခြင်း
(၄) သည်းခြေပိုက်ပိတ်ဆို့ခြင်း၊ အသည်းလုပ်ဆောင်ချက် ချို့ယွင်းခြင်းကြောင့် ဆီးအရောင်ရင့်ပြီး အလေးအရောင် ဖျော့လာခြင်း
(၅) အသည်းရောင်ပိုးကြောင့် ဆာလောင်စိတ် ရုတ်တရက်ကျဆင်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
(၆) အသည်းကနေ အဆိပ်မဖယ်ရှားနိုင်တာကြောင့် မူးဝေအော့အန်ခြင်း
(၇) သွေးခဲပရိုတိန်း ကောင်းစွာမထုတ်လုပ်နိုင်တာကြောင့် ပွန်းပဲ့လွယ်ကာ အရေပြားယားယံခြင်း
(၈) ခန္ဓာကိုယ်အောက်ပိုင်းမှာ အရည်တွေကျန်ရှိပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်တို့မှာ ဖောရောင်လာခြင်း
(၉) ဦးနှောက်ထဲမှာ အဆိပ်အတောက်တွေ စုပြုံလာတာကြောင့် မှတ်ဉာဏ်ပြဿနာများ၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း
(၁၀) အယ်လ်ကိုဟောနဲ့ ဆေးဝါးတွေကို ကောင်းစွာ မခြေဖျက်နိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်လာနိုင်ခြင်း


