အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံကြား သံတမန်မစ်ရှင်များ ပြန်လည်ထားရှိရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကျော့ ဆွေးနွေးမှုများမှာ တူကီယဲနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူတွင် ဧပြီ ၁၀ ရက်၌ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရသည်။အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် ငါးနာရီခန့်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် အစ္စတန်ဘူရှိ ရုရှားကောင်စစ်ဝန်ရုံးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။အဆိုပါ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ရုရှားဘက်မှ ကြေညာချက်ထုတ်ပြန်ရန် ပြင်ဆင်ထားကြောင်း အမည်မဖော်လိုသော သံတမန် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 
အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံကြား သံတမန်မစ်ရှင်များ ပြန်လည်ထားရှိရေးအတွက် အစ္စတန်ဘူ၌ ဒုတိယအကျော့ ဆွေးနွေးမှုများ ပြီးဆုံး
Apr 12 • 6:37 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


