back

ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူ တရားခံများပါဖမ်းဆီးရမိခဲ့

Apr 12 • 5:34 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နဲ့အတူ တရားခံများပါဖမ်းဆီးရမိခဲ့

ဧပြီလ ၁၁ ရက်နေ့ ၁၆နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္က...

ဧပြီလ ၁၁ ရက်နေ့ ၁၆နာရီ၃၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ကြက်မောက်(၁)လမ်းရှိ မနှင်းပွင့်ဖြူ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇၀၀ အချိန် မမီမီအောင်(ခ)အေမီ အား တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းမကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ၁၇၃၀ အချိန် မမီမီအောင်(ခ)အေမီ နေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်ရှိနေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ပြားအားလည်းကောင်း စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနှင်းပွင့်ဖြူ(၃၉)နှစ်နှင့် မမီမီအောင်(ခ)အေမီ(၃၅)နှစ်တို့အား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပါတယ်။



news-view-count-icon

22