ဧပြီ ၁၁ ရက်နေ့ သတင်းအရ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး ကဏ္ဍများအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေး မှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ် နံနက် / ညနေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာဂူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းကဏ္ဍများသာ ပါဝင်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး နေပြည်တော်လမ်းလျှောက်သင်္ကြန်၏ ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်တည်ဆောက်နေမှု၊ လယ်ဝေးပြန်/ဆက်ရုံးနှင့် ဒက္ခိဏခရိုင် သင်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေး
Apr 12 • 5:27 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
5 | 0 | 0 | 0 |