back

ပြည်တွင်း၌ ငလျင်ကယ်ဆယ်‌ရေးတွေပြုလုပ်နေရတဲ့ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်တို့တွင် ယနေ့မိုးရွာနိုင်

Apr 12 • 5:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ငလျင်ကယ်ဆယ်‌ရေးတွေပြုလုပ်နေရတဲ့ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်တို့တွင် ယနေ့မိုးရွာနိုင်

ငလျင်ဘေးသင့်ဒေသတွေဖြစ်ပြီးကယ်ဆယ်‌ရေးလုပ်ငန်းတွေဆောင်ရွက်နေရတဲ့မန္တလေး၊စစ်ကိုင်း၊နေပြည်တော်မြို့တွေမှာ ယနေ့ညနေပိုင်းအထိ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗ...

ငလျင်ဘေးသင့်ဒေသတွေဖြစ်ပြီးကယ်ဆယ်‌ရေးလုပ်ငန်းတွေဆောင်ရွက်နေရတဲ့မန္တလေး၊စစ်ကိုင်း၊နေပြည်တော်မြို့တွေမှာ ယနေ့ညနေပိုင်းအထိ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။နေပြည်တော်နှင့်အနီးတစ်ဝိုက်မှာ မိုးထစ်ချုန်းကာ နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်မှာတော့ မိုးထစ်ချုန်းကာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပြီးမန္တလေး၊စစ်ကိုင်းနဲ့ အနီးတစ်ဝိုက်မှာတော့ မိုးထစ်ချုန်းကာ နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အသီးသီးထုတ်ပြန်ထားပါတယ်။



news-view-count-icon

19