ဧပြီလ ၁၀ ရက်နေ့ ၂၀နာရီ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ အိုက်မွေခုံး မောင်းနှင်လာသည့် TOYOTA MIGHTY-X အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၆.၇၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၄၂၅ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၄.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အိုက်မွေခုံး(၃၉)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပါတယ်။
Apr 12 • 4:58 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


