back

မန္တလေးငလျင်ဒဏ်သင့်ပြည်သူများ ဓားပြရန်ကို ကြောက်လန့်နေရ

Apr 12 • 4:55 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးငလျင်ဒဏ်သင့်ပြည်သူများ ဓားပြရန်ကို ကြောက်လန့်နေရ

မန္တလေး ငလျင်ဒဏ်သင့်ပြည်သူများဟာ"ကျွန်‌တော်တို့မြို့နယ်ထဲမှာက အိမ်တွေပြိုတဲ့သူတွေနဲ့ အိမ်တွေမပြိုပေမယ့်လည်း အိမ်တွေထဲမှာ မအိပ်ရဲကြတဲ့သူတွေက အခုထိ လမ်းတွေနဲ့ကွင်...

မန္တလေး ငလျင်ဒဏ်သင့်ပြည်သူများဟာ"ကျွန်‌တော်တို့မြို့နယ်ထဲမှာက အိမ်တွေပြိုတဲ့သူတွေနဲ့ အိမ်တွေမပြိုပေမယ့်လည်း အိမ်တွေထဲမှာ မအိပ်ရဲကြတဲ့သူတွေက အခုထိ လမ်းတွေနဲ့ကွင်းပြင်နေမှာနေနေကြရတုန်းပဲ။ အပူဒဏ်ခံနိုင်ဖို့ ယာယီအမိုးတွေတော့ ရှိကြတာပေါ့။ ဒါပေမဲ့လည်း အကာအရံတွေဘာတွေမရှိကြဘူး။ တချို့နေရာတွေက ညပိုင်းတွေမှာဆို အတော်လေးမှောင်နေသေးတယ်။ အဲ့ဒါတွေကို အခွင့်ကောင်းယူပြီးတော့ ညပိုင်းတွေမှာ မျက်နှာဖုံးစွပ်ဓားတွေကိုင်ထားတဲ့လူစုတွေက ဓားပြတိုက်မလိုလို၊ အနုကြမ်းစီးမလိုလိုလုပ်တာတွေ ခဏခဏဖြစ်နေလို့ လမ်းဘေးမှာ နေနေကြတဲ့ပြည်သူတွေ အခက်အခဲတွေဖြစ်နေကြတယ်။ ကိုယ်ထူကိုယ်ထပဲ အလှည့်ကျကင်းစောင့်ပြီး အိပ်ကြရတာလည်းဖြစ်ပါတယ်။





news-view-count-icon

20