back

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ယာဉ်လိုင်း ၆၀ ကျော်ပြေးဆွဲမည်

Apr 12 • 4:28 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ယာဉ်လိုင်း ၆၀ ကျော်ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအဆင်ပြေရန် ယာဉ်လိုင်း ၆၀ ကျော်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယာဉ်လိုင်း ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်း ၆၀ ကျော် ပြ...

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ခရီးသွားလာရေးအဆင်ပြေရန် ယာဉ်လိုင်း ၆၀ ကျော်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယာဉ်လိုင်း ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်း ၆၀ ကျော် ပြေးဆွဲပေးမည်ဖြစ်ကာ YRTC လက်အောက်ရှိ ခေတ်သစ်ဘုရင့်နောင်၊Power Eleven Public ကုမ္ပဏီ၊ အမြင့်မြတ်ဆုံးအင်အားအများနှင့်သက်ဆိုင် သောကုမ္ပဏီလီမိတက်၊ စံဝေလ၊ Pyay San Thu အစရှိသည့် ကုမ္ပဏီများလက်အောက်ရှိ YBS ယာဉ်လိုင်းများက သင်္ကြန်ကာလအတွင်း ပြေးဆွဲပေးမည် ဖြစ်သည်။ YRTC၏ စာရင်းများအရ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) တွင် ယာဉ်လိုင်း ၆၅ လိုင်းမှ ယာဉ်အစီးရေ ၁၂၆၉ စီးက ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၁၄ ရက်( သင်္ကြန်အကျနေ့) တွင် ယာဉ်လိုင်း ၆၂ လိုင်းက ယာဉ်အစီးရေ ၁၁၉၂ စီးဖြင့် ပြေးဆွဲပေးမည် ဖြစ်သည်။ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) တွင် ယာဉ်လိုင်း ၆၂ လိုင်းက ယာဉ်အစီးရေ ၁၁၈၇ ဖြင့်ပြေးဆွဲပေးမည်ဖြစ်ပြီး ဧပြီ ၁၆ ရက် (သ င်္ကြန်အတက်နေ့) တွင် ယာဉ်လိုင်း ၆၂ လိုင်းက ယာဉ်အစီးရေ ၁၁၈၇ ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

25