back

ပြည်တွင်း သင်္ကြန်ကာလအတွင်း စားသောက်ကုန်စျေးတက်မှုကြောင့် လက်လုပ်လက်စားလူတန်းစားများ အခက်အခဲကြုံနေရ

Apr 12 • 3:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း သင်္ကြန်ကာလအတွင်း စားသောက်ကုန်စျေးတက်မှုကြောင့် လက်လုပ်လက်စားလူတန်းစားများ အခက်အခဲကြုံနေရ

၂၀၂၅ ခုနှစ် သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တက်လာခြင်းကြောင့် လက်လုပ်လက်စားလူတန်းစားများအတွက် စားဝတ်နေရေးပိုမိုခက်ခဲလာသည်ဟု မြို့ခံပြည်သူများ...

၂၀၂၅ ခုနှစ် သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ တက်လာခြင်းကြောင့် လက်လုပ်လက်စားလူတန်းစားများအတွက် စားဝတ်နေရေးပိုမိုခက်ခဲလာသည်ဟု မြို့ခံပြည်သူများက ပြောကြားနေကြသည်။ သားငါးစျေး၊ ဟင်းသီးဟင်းရွက်စျေးနှုန်းများမြင့်တက်သည့်အပြင် တချို့ပစ္စည်းများသည် ဝယ်လိုရခြင်းခက်ခဲလာသည်ဟုလည်း ဆိုသည်။ အလုပ်သမားများအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်များအတွင်း ဝင်ငွေမရှိမှုကြောင့် ချေးငှားစားရသည်များ ဖြစ်ပွားနေကြောင်း ရွှေပြည်သာနှင့် ရန်ကုန်မြို့နယ်များရှိ အိမ်ရှင်မများက ပြောကြားသည်။ “ဒီနှစ်က ပိုဆိုးလာတယ်” ဟုလည်း ထပ်မံပြောကြားခဲ့ကြသည်။

news-view-count-icon

51