ဧပြီလ(၆)ရက်နေ့တွင်မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ တို့၏ ကြီးကြပ်မှုဖြင့် အောင်လံမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ သည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား အောင်လံမြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် အများပြည်သူ ပူးပေါင်း လှူဒါန်းသော သောက်ရေသန့်၊ ကြက်သွန်နီ၊ ဓါတ်ဆားထုတ်နှင့် အိမ်ထောင်စု(၃၀)စုအတွက် အိမ်ထောင်စု(၁)စု လျှင် ၂၀,၀၀၀ ကျပ် တို့ကို သွားရောက် လှူဒါန်းခဲ့ပါတယ်။



