အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သရုပ်ဆောင် ကျော်ကျော်ဗိုလ်က မိမိကိုယ်ကို လေလံတင်ကာ အလှူစုပေါင်းရန် ရည်ရွယ်သည့် လေလံပွဲတစ်ခုကို စီစဉ်ထားကြောင်း လူမှုကွန်ရက်တွင်ဖော်ပြထားသည်။၎င်းသည် လီဗာပူးအသင်းကိုအားပေးသူတစ်ဦးဖြစ်သော်လည်း ၂၀၂၅/၂၆ ဘောလုံးရာသီအတွက် အခြားအသင်းပရိတ်သတ်အဖြစ် ပြောင်းရန် စျေးပြိုင်လေလံဖြင့် ဆွဲယူမည်ဟုဆိုထားပြီး၊ လေလံအမြင့်ဆုံးတင်သူ၏အကြိုက်အသင်းကို တစ်ရာသီလုံးအားပေးသွားမည်ဖြစ်သည်။“ဘောလုံးသမားတွေ အသင်းပြောင်းသလိုပေါ့ခင်ဗျာ” ဟုသရုပ်ဆောင်ကျော်ကျော်ဗိုလ်ကဖော်ပြထားသည့် ယင်းအလှူလေလံပွဲသည် ဖန်တီးမှုနဲ့စိတ်ကူးတစ်ခုအဖြစ် လူအများလှူဒါန်းပေးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်သည်။



