back

ဖာပွန်မြို့နယ်အတွင်း ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့်ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ

Apr 12 • 2:49 AM

breaking-news

မြန်မာ

ကရင်

cover

ဖာပွန်မြို့နယ်အတွင်း ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့်ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ

ဧပြီလ ၁၁ ရက်နေ့ သတင်းကြေငြာချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့်ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သ...

ဧပြီလ ၁၁ ရက်နေ့ သတင်းကြေငြာချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့်ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဧပြီလ ၁၀ ရက် ညနေ ၅ နာရီ ခန့်က ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂)နှစ်၊ မကြယ် စင်လင်း သန့် (၁၇)နှစ်နှင့် မစင်သီတာသိမ့်(၁၂)နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူး ရန်သွားရောက်စဉ် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး ကို မဇင်မြတ် နိုင်က နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18