စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရသူဟူ၍မရှိကြောင်း၊ ကမ္ဘာကြီးအား ဆန့်ကျင်ဘက်ပြုသူသည် ကိုယ်တိုင်အထီးကျန်မှု ရလဒ်ကိုသာရရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီက စပိန်နိုင်ငံ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်စ်နှင့် ပေကျင်းမြို့တွင် ဧပြီ ၁၁ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသည် အခြားသူများ၏ သနားကရုဏာသက်မှုများအပေါ် မည်သည့်အခါမျှ မှီခိုခြင်းမပြုဘဲ မိမိကိုယ်တိုင်ကြိုးပမ်းအားထုတ်ကာ ခက်ခက်ခဲခဲရုန်းကန်ကြိုးစားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယုတ္တိမတန်သော မည်သည့်ဖိနှိပ်မှုမျိုးကိုမဆို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
| 13 | 0 | 0 | 0 |


