ထိုင်းနိုင်ငံ၊ ဖူးခက်ရဲ့ Chalong ပင်လယ်အော်ရှိ လှေဆိပ်အနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လှေသမားများနဲ့ ကြည့်ရှုသူများကြား အထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။ အဆိုပါ သဘာဝဖြစ်စဉ်ကို နံနက် ၁၁ နာရီအချိန်ခန့်မှာ နိုင်ငံခြားခရီးသွားတစ်ဦးမှ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒေသတွင်း ငါးဖမ်းလှေများနှင့် ပင်လယ်ကမ်းစပ်ရှိ အဆောက်အဦများ အပါအဝင် သင်္ဘောများ ထိခိုက်မှုမရှိကြောင်း သိရပါတယ်။



