ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လယ်ရှိ အလှပြင်ဆိုင်တွင် ဖောက်သည်များအား ဝန်ဆောင်မှုပေးနေသည့် တရုတ်အမျိုးသားနှင့် အမျိုးသမီးကို ခရီးသွားရဲများက ဧပြီ ၁၀ ရက်က တွေ့ရှိခဲ့ပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် အလုပ်ပါမစ်များကို စစ်ဆေးရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံသား ၂ ဦးဖြစ်သည့် မစ္စတာဝမ်၊ အသက် ၄၁ နှစ်နှင့် မစ္စဇူး အသက် ၂၃ နှစ်တို့ သည် ကျောင်းသားဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပတ္တရားအလယ်ပိုင်းရှိ အလှပြင်ဆိုင်တွင် လျှိဝှက်စွာ အလုပ်လုပ်နေခြင်းဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း နှင့် စည်းကမ်းဖောက်ဖျက်မှုဖြင့် ထိုင်း နိုင်ငံသားများသာ သီးသန့်လုပ်ကိုင်သော အလုပ်အကိုင် များကို စုံစမ်း စစ်ဆေးရေးမှူးများထံ လွှပြောင်းပေးအပ်ခဲ့သည်။



