ထိုင်းနိုင်ငံ ဆုန်ခရန်မှာ အဖြူရောင် ရွှံ့စေး ပေါင်ဒါ သို့မဟုတ် Din Sor Pongကို ကံကောင်းခြင်းနဲ့ ကာကွယ်ခြင်း လက္ခဏာ အဖြစ် တခြားသူတွေရဲ့ မျက်နှာမှာ Din Sor Pong ကို ညှင်သာစွာ သုတ်လိမ်းပေးကြပါတယ်။ သဘာဝ ထုံးကျောက်တွေကနေ ပြုလုပ်ထားပြီး နေရောင်ခြည်နဲ့ အခြောက်ခံထားတဲ့ အဲဒီ ပေါင်ဒါဟာ အေးမြပြီး အဆီကို စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ထိုင်းရဲ့ ကျေးလက်တောရွာ တွေမှာ Din Sor Pong ကို ကိုယ်တိုင်ပြုလုပ်ကြပြီး ဒေသတွင်း ဈေးတွေမှာ ရောင်းချကြပါတယ်။ မြို့တွေမှာတော့ ပါကင်နဲ့ သေချာထုပ်ပိုးပြီး Convenience Store တွေမှာ ရောင်းချကြပါတယ်။



