စိတ်ကူးယဉ်ဆန်တဲ့ 'Hypnosis' လို့ အမည်ရတဲ့ဇာတ်လမ်းမှာ Suzy နဲ့ Kim Seon Ho က အတွဲတွေဖြစ်လာမှာပါ။ Webtoon ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဂျပန်ခေတ်ကာလကို ဇာတ်အိမ်တည်ထားတာပါ။ Suzy ကတော့ လျှိဝှက်သလို စွဲမယ်ဖွယ် ညှိချက်အားပြင်းတဲ့ သွေ၊းစု၊ပ်ဖ၊ုတ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Kim Seon Ho ကတော့ လူသိပ်မသိပေမဲ့ အဆိုပါ ဗန်ပိုင်းယားမလေးရဲ့ ပုံတူကို ဆွဲပေးဖို ကံကြမ္မာဖန်လာခဲ့သူ ပန်းချီဆရာလေးအဖြစ် ပါဝင်ထားပါတယ်။ Choi Hyun Wook ကလည်း အဓိကဇာတ်ကောင်တစ်နေရာကနေ ပါလာမှာဖြစ်ပါတယ်။



