မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဒွေးလှ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ (၁၁-၄-၂၀၂၅) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာတွင် ရွေ့လျားဆေးခန်းဖွင့်လှစ်၍ ဆေးကုသမှုပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဖြစ်ပွားတတ်သော ရောဂါ များအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ခြင်း၊ အဘိတ်ဆေး ခပ်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေအတွက် ရေသန့်ဆေးပြား ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။



