back

အကောက်ခွန်ဦးစီးဌာနမှ သင်္ကြန်တွင်း ခေါ်ဆိုနိုင်မည့် ဖုန်းနံပါတ်အား အသိပေး ကြေညာ

Apr 11 • 12:08 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အကောက်ခွန်ဦးစီးဌာနမှ သင်္ကြန်တွင်း ခေါ်ဆိုနိုင်မည့် ဖုန်းနံပါတ်အား အသိပေး ကြေညာ

အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် Myanmar Automated Cargo Clearance System - MACCS ဌာနခွဲမှ MACCS User များအတွက် ယခု ၂၀၂၅ ခုနှ...

အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် Myanmar Automated Cargo Clearance System - MACCS ဌာနခွဲမှ MACCS User များအတွက် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် ( ဝဝ၇ / ၂၀၂၅ ) ကို ထုတ်ပြန် ကြေညာထားသည်။MACCS ဌာနခွဲ၊ Help Desk Section သည် MACCS စနစ်နှင့် ပတ်သက်၍ User များ၏ သိရှိလိုသည်များကို ရုံးဖွင့်ရက်များတွင် မနက် (၉:၃၀) မှ ညနေ (၄း၃၀) အချိန်ထိ ဖုန်းနံပါတ် ၀၁ ၃၇၉ ၄၂၉ မှတဆင့် ဖြေကြားပေးလျက် ရှိကြောင်း သိရသည်။မဟာသင်္ကြန်ရုံးပိတ်ရက်များအတွင်း MACCS User များအနေဖြင့် မေးမြန်း စုံစမ်းရန်ရှိပါက အခက်အခဲ မရှိစေရေးအတွက် Help Desk Section ၏ လက်ကိုင်ဖုန်းနံပါတ် ၀၉ ၇၅၇ ၇၅၅ ၂၁၁ သို့ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်သည်။ 



news-view-count-icon

14