မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် မြန်မာ့အာမခံ လုပ်ငန်းတွင် မီးနှင့်မြေငလျင်ဘေးဒဏ် အကာအကွယ်ဖြင့် အာမခံထားရှိမှုများသည် လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းသို့ လျော်ကြေးတောင်းခံစာ လက်ရှိ အစောင်ရေ(၁၅၈)စောင်ရှိပြီး ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ် (၈၀) ဘီလီယံခန့်ရှိကြောင်း သိရသည်။ပျက်စီးဆုံးရှုံးမှုများအတွက် ငလျင်အန္တရာယ် အာမခံထားသူများအား ယင်းတို့ရယူထားသည့် ငလျင်အန္တရာယ်အာမခံနှင့် လျော်ညီသည့် လျော်ကြေးများကို အမြန်ဆောင်ရွက်နိုင်ရန် "မြန်မာနိုင်ငံအာမခံအသင်း" ၏ အသင်းဝင် အာမခံကုမ္ပဏီများက ကြိုးပမ်းလျက်ရှိကြောင်းကိုလည်း အသိပေးထားသည်။



