ဧပြီ ၁၁ ရက်နေ့ သတင်းအရမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင်၊ အမရပူရမြို့နယ်၊ အင်းဝရှေးဟောင်းသုတေသနနယ်မြေရှိ လောကသရဖူဘုရားဘုရားကြီး၊ မယ်နုအုတ်ကျောင်းတော်ကြီးနှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ၊ လောကသရဖူဘုရားနှင့်မယ်နုအုတ်ကျောင်းတော်ကြီးတို့၏ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး
Apr 11 • 8:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


