ဧပြီ ၁၀ ရက်နေ့ သတင်းကြေငြာချက်အရ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တရေဝတထံ ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီနှင့် ဆန်၊ ဆီ၊ သကြား စသည့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။
ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရေသန့်စင်စက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း
Apr 11 • 8:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


