မြန်မာ့လက်ရွေးစင်အသင်းရဲ့အချစ်တော်ကစားသမား ဒေးဗစ်ထန်ဟာ မြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းရန် သူရဲ့ 2019ခုနှစ်က ရရှိခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးဆုတံဆိပ်ကိုလေလံတင်ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးကိုမြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။အဆိုပါဆုတံဆိပ်ကို ကြမ်းခင်းဈေး (၅)သိန်းကျပ်ကနေ စတင်လေလံခေါ်ထားပြီး ရရှိလာတဲ့ငွေကြေးအပြင် နောက်ထပ်သူကိုယ်တိုင် အလှူငွေသပ်သပ်(၅)သိန်းကိုလည်း ပေးအပ်လှူဒါန်းသွားမယ်လို့ သိရပါတယ် ။
ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြန်မာနေရှင်နယ်လိဂ်အကောင်းဆုံးဆုကို လေလံတင်မယ့် မြန်မာပရိတ်သတ်အချစ်တော်ကစားသမား ဒေးဗစ်ထန်
Apr 11 • 7:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


