back

ရထားလမ်းပိုင်းများ ပိုမိုတောင့်တင်းကြံ့ခိုင်စေရေး စက်ယန္တရားကြီးများအသုံးပြုပြီး မွမ်းမံပြင်ဆင်လျက်ရှိ ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနားလမ်းပိုင်းတွင် လူစီးကုန်တင်ရထားများ စတင်ပြေးဆွဲ

Apr 11 • 7:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရထားလမ်းပိုင်းများ ပိုမိုတောင့်တင်းကြံ့ခိုင်စေရေး စက်ယန္တရားကြီးများအသုံးပြုပြီး မွမ်းမံပြင်ဆင်လျက်ရှိ ပျဉ်းမနား - တောင်တွင်းကြီး - ပျဉ်းမနားလမ်းပိုင်းတွင် လူစီးကုန်တင်ရထားများ စတင်ပြေးဆွဲ

ဧပြီ ၁၀ ရက်နေ့သတင်း ကြေငြာချက်အရမတ် ၂၈ ရက်တွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းပိုင်းနှင့် တံတားအချို့ပျက်စီးခဲ့မှုများကို ပို့ဆောင်ရေးနှင့်ဆက်သွ...

ဧပြီ ၁၀ ရက်နေ့သတင်း ကြေငြာချက်အရမတ် ၂၈ ရက်တွင် ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ရထားလမ်းပိုင်းနှင့် တံတားအချို့ပျက်စီးခဲ့မှုများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် လူစီးရထားနှင့် ကုန်ရထားများ၊ ကုန်သေတ္တာရထားများကို ဧပြီ ၅ ရက်မှစ၍ ပြန်လည်ပြေးဆွဲခဲ့ပြီးဖြစ်သည်။ ယခုအခါ ရထားလမ်းပိုင်းပိုမိုတောင့်တင်းကြံ့ခိုင်စေရန်အတွက် ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ ရွာပုလဲဘူတာနှင့် ဟံဇားဘူတာကြား၊ ညောင်လွန့်ဘူတာနှင့် မန်ကျည်းပင်ဘူတာကြား၊ ဖြူးဘူတာနှင့် ညောင်ပင်သာဘူတာများအကြားတွင် ကျောက်ဖြည့်ပက်ကင်ရိုက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးညှိခြင်းများကို All TM စက်ယန္တရားကြီးများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိသည်။

news-view-count-icon

43