ဧပြီလ ၁၀ရက်နေ့ သတင်း ကြေငြာချက်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့အတွင်း မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဟိုတယ်များသို့ သွားရောက်၍ ဟိုတယ်အဆောက်အအုံများအတွင်းအပြင် ပြိုကျပျက်စီးနေမှုအခြေအနေများ၊ ပျက်စီးမှုများကို ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံအားပေးကာ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို လမ်းများပိတ်ဆို့မှုမရှိအောင် အမြန်ရှင်းလင်းဖယ်ရှားကြရန်၊ အပျက်အစီးများကို ဖယ်ရှားခြင်း၊ အဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားသည်။



