back

ငလျင်လှုပ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများအနက် ဂရုပြုရမည့် စိတ်ကျန်းမာရေးအခြေနေများအားWHO Myanmar မှဖော်ပြ

Apr 11 • 6:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်လှုပ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများအနက် ဂရုပြုရမည့် စိတ်ကျန်းမာရေးအခြေနေများအားWHO Myanmar မှဖော်ပြ

ပြည်တွင်းငလျင်ကြောင့် ဆိုးရွားသော အဖြစ်အပျက်များ ကြုံတွေ့ပြီးနောက်တွင် ကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်း...

ပြည်တွင်းငလျင်ကြောင့် ဆိုးရွားသော အဖြစ်အပျက်များ ကြုံတွေ့ပြီးနောက်တွင် ကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ အိပ်မပျော်ခြင်း စသည့်ပြဿနာများကို အသက်အရွယ်မရွေး၊ ကျားမ မရွေး ခံစားရနိုင်ကာကြောက်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း အစရှိသော စိတ်ခံစားချက်များကို တစ်ယောက်ထဲ သိမ်းဆည်းမထားပဲ ရင်းနှီးသူများကို ရင်ဖွင့်ဖော်ပြပါ။မိမိမှ နားထောင်ပေးနိုင်သော အ‌ခြေအနေရှိလျှင် အခြားသူများကိုလည်း နားထောင်ပေး၍ ဖော်ပြခွင့်ပေးပါ။ စိတ်ခံစားချက်များကို မဖော်ထုတ်စေပဲ စိတ်လျော့ခိုင်းခြင်းသည် အခြားသူများ၏ စိတ်ခံစားချက် ပိုမိုပြင်းထန်စေနိုင်သဖြင့် မပြုလုပ်သင့်ပါ။ ပုံမှန် အစားအသောက် စားခြင်းနှင့် အိပ်စက်ခြင်းကို ကြိုးစား လုပ်ဆောင်ပါ။ ဆေးလိပ်၊ အရက် ရှောင်ရှားပါ။ ချစ်ခင်ရသူများနှင့် ရင်ဖွင့်ပြောဆိုပါဟူ၍ WHO Myanmar မှတိုက်တွန်းထားပါတယ်။



news-view-count-icon

17