back

သရုပ်ဆောင် နေမင်းနှင့် အဆိုတော်ဖြိုးမြတ်အောင်တို့ဟာတံတားဦးနှင့် အင်း၀ဘက်သွား၍ ငလျင်ကြောင့်ထိခိုက်သူများအတွက် ကျပ်သိန်း ၁၆၀ ကျော်လှူဒါန်းခဲ့

Apr 11 • 6:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရုပ်ဆောင် နေမင်းနှင့် အဆိုတော်ဖြိုးမြတ်အောင်တို့ဟာတံတားဦးနှင့် အင်း၀ဘက်သွား၍ ငလျင်ကြောင့်ထိခိုက်သူများအတွက် ကျပ်သိန်း ၁၆၀ ကျော်လှူဒါန်းခဲ့

ငလျင်ကြောင့် ပျက်စီးမှုကြုံခဲ့သော တံတားဦးနှင့် အင်း၀ဘက်မှ ဒေသခံများအတွက် အလှူငွေ ကျပ် ၁၆၁ သိန်းကို သရုပ်ဆောင် နေမင်းနှင့် အဆိုတော် ဖြိုးမြတ်အောင်တို့က ကွင်းဆင်း...

ငလျင်ကြောင့် ပျက်စီးမှုကြုံခဲ့သော တံတားဦးနှင့် အင်း၀ဘက်မှ ဒေသခံများအတွက် အလှူငွေ ကျပ် ၁၆၁ သိန်းကို သရုပ်ဆောင် နေမင်းနှင့် အဆိုတော် ဖြိုးမြတ်အောင်တို့က ကွင်းဆင်းသွားရောက်လှူဒါန်းခဲ့ရာမန္တလေးတိုင်းဒေသကြီး၊ တံတားဦးရှိ ငလျင်ကြောင့် ဒဏ်ရာပြင်းထန်သူ ကိုးဦးနှင့် ခါးရိုးထိခိုက်သူ တစ်ဦး တို့ကို တစ်ဦးလျှင် ကျပ် ငါးသိန်းနှုန်းဖြင့် လူ ၁၀ ဦးစာအတွက် ကျပ်သိန်း ၅၀ ကိုလည်း ကောင်း၊အင်းဝဘက်တွင် နေအိမ်ပျက်စီးသွားသော မိသားစု ၁၅ စုအတွက် တစ်စုလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ကျပ် ၄၅ သိန်း၊ နောက်ထပ် လွတ် မြောက်လာသူများကို ကျပ် ၁၀ သိန်း၊ ရင်ညွန့်ရိုးအက်သွားသူ တစ်ဦးကို ကျပ် ငါးသိန်း၊ ဆီးအိတ် ဖောက်ထား ရ သည့် ကလေးငယ်တစ်ဦးကို ကျပ်နှစ်သိန်း၊ အသက် ၈၈ နှစ်အရွယ်ရှိသော အဘွားအိုတစ်ဦးကို ကျပ်နှစ်သိန်း၊ အိမ် ပျက်စီးသော မိသားစုနှစ်စုစာအတွက် ကျပ်လေးသိန်း၊ နာရေးတစ်ခုအတွက် ကျပ်တစ်သိန်း၊ ရပ်ကွက်အတွင်းမှ အားနည်းနေသည့် ကလေးများအတွက် ကျပ်တစ်သိန်းစီ စသည်ဖြင့် အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။




news-view-count-icon

19