ဧပြီလ ၁၁ ရက်သတင်းကြေငြာချက်အရ တောင်ငူနှင့်ဝမ်းတွင်းတွင် ယနေ့ နံနက်ပိုင်း ငလျင်ငယ်များ လှုပ်နေပြီး နောက်ဆက်တွဲငလျင် လာနိုင်၍ သတိပြုကြရန် သတိပေး နေကြပါတယ်။ မန္တလေးတိုင်း၊ သာစည်မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကို မိတ္တီလာ၊ ဝမ်းတွင်းနှင့်မြစ်သား အပါအဝင် မြို့နေရာအများစုမှ ပြည်သူများ ခံစားသိရှိရကာ အထိတ်တလန့်ဖြစ်သွားကြကြောင်း သိရှိရသည်။



