စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေတာကြောင့် မသန့်ရှင်းတဲ့ရေတွေ သုံးစွဲမိပြီး ဝမ်းပျက် ဝမ်း လျှောရောဂါ မဖြစ်ပွားစေဖို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စစ်ကိုင်း ကမ်းနားလမ်းမှာ ရေသန့်တွေ ပေးဝေနေတယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဥ်နဲ့ စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ပြည်သူတွေအတွက် ရေသန့်တွေ ပေးဝေနေတဲ့အကြောင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်းသိုမြို့နယ် လက်ထောက်ညွှန်ကြားရေးမှူးဆီမှ သိရပါတယ်။



