ဧပြီလ(၁၀)ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မဟာဂန္ဓရုံကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့် ငလျင်ဘေးဒဏ်ခံစားရသော အိမ်ထောင်စု (၁၆၃)စုအတွက် UNHCR နှင့် Myanmar Distribution Group မှ လှူဒါန်းသည့် အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက နေ့တွင် သွားရောက် ထောက်ပံ့ကူညီခဲ့ပြီးမြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အနယ်နယ်အရပ်ရပ်မှလှူဒါန်းသည့်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ငလျင်ဘေးဒဏ်ခံစားရသည့် ရပ်ရွာလူထုထံ လက်ရောက် ပေးအပ်နိုင်ရန် အသင်းအနေဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။



