ဧပြီလ 10ရက်နေ့ သတင်းကြေငြာချက်အရ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားသို တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား
Apr 11 • 4:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


