မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ ထိခိုက်ပျက်စီးခဲ့မှုများအား ကြည့်ရှုစစ်ဆေးရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ မှာကြားနိုင်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဧပြီ ၁၀ ရက် နံနက်ပိုင်းအထိ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၅ ဦးရှိသည်ဟုသိရှိရကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့်သေဆုံးခဲ့ရသူ မိသားစုများအား ၁၀သိန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ငလျင်ကြောင့် သေဆုံးသူများကို တစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့မည်ဖြစ်သလို အဆောက်အဦ၊ လမ်းတံတားများကိုလည်း မူလထက်ပိုကောင်းအောင် ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား
Apr 11 • 4:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


