ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ ပုန်းထွန်ရေချောင်းတွင် ဧပြီ ၁၁ ရက်နေ့က စိတ်အေးချမ်းသာစွာ အပန်းဖြေနေသူများ၊ ရေကစားသူများဖြင့် စည်ကားလာသည်။ ငလျင်ဘေးအပြီး တိတ်တဆိတ်သွားသည့် မြို့တွင်းက သာမန်နွေရာသီအပန်းဖြေနေမှုများ ပြန်လည်ရောက်ရှိလာကြောင်းသိရပြီး ရေချောင်းတစ်ဝိုက်တွင် ဆိုင်ခန်း ၂၀ ကျော်ဖွင့်လှစ်ထားကာ မြို့သားများအပူရှောင်နိုင်ရန်အတွက် ကော်မတီမှအခွင့်အလမ်းပေးထားသည်။ ဒေသခံနှင့် အနီးအနားမှလာရောက်သူများကလည်း ပျော်ရွှင်စွာ အနားယူနေကြသည်။



