တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဋ္ဌ အလီဂျန်ဒရိုဒိုမင်ဂွက်ဇ်သည် လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်းအရေအတွက် (၆၄)သင်းသို့ တိုးမြှင့်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပြိုင်ပွဲဝင်အသင်း (၃၂) သင်းဖြင့် ကျင်းပခဲ့ပြီး လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၄၈)သင်းသို့ တိုးမြှင့်ကျင်းပမည်ဖြစ်သည်။ ယခုအခါ ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ဖီဖာကွန်ဂရက်တွင် ဒိုမင်ဂွက်ဇ်က တရားဝင်အဆိုပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဒိုမင်ဂွက်ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲ၏ နှစ်တစ်ရာပြည့် ဖြစ်သောကြောင့် ယခုကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံတိုင်း ယှဉ်ပြိုင်ခွင့် ရရှိစေလိုခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆၄) သင်းသို့ တိုးမြှင့်ခဲ့မည်ဆိုပါက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်လက်အောက်မှ (၁၀)သင်းစလုံး ယှဉ်ပြိုင်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။
Apr 11 • 3:31 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


