ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ရုရှားနိုင်ငံသား ၄၇ ဦးကို ဧပြီ ၁၀ ရက်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ပြည်ပနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။



