ဧပြီလ ၁၀ ရက် မနက်ပိုင်းအထိ မန္တလေးဖျက်အားပြင်းငလျင်ကြောင့် နောက်ဆက်တွဲငလျင်များ ၁၁၃ ကြိမ်အထိ ဖြစ်ပွားလာကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထံမှ သိရှိရသည်။ မိတ္ထီလာ၊ သံတောင်ကြီး၊ စစ်ကိုင်းအပါအဝင် တိုင်းပြည်အနှံမှ မြို့နယ်အများအပြားတွင် ငလျင်ငယ်များ လှုပ်ခတ်နေဆဲဖြစ်သည်။



