ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆောက်လက်စ အဆောက်အဦး ပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ ဦး၏ မိသားစုဝင်များနှင့် ဆက်သွယ်မှုမရသေးကြောင်း ထိုင်း-မြန်မာ ဘာသာပြန်အသင်း TMIA က ထုတ်ပြန်သည်။ မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ကြောင့် မြန်မာလုပ်သားများအနေဖြင့် မိသားစုဝင်များထံသတင်းမပို့နိုင်သေးခြင်းကြောင့် နစ်နာကြေးများနှင့်အခြားအကူအညီများ ရရှိရေးအတွက်အတားအဆီးဖြစ်နေသည်ဟုဆိုသည်။ ပျောက်ဆုံးသူ ၁၈ ဦး၏ အမည်စာရင်းကိုလည်း ပြန်လည်ထုတ်ပြန်ထားပြီး သိရှိသူများထံမှ အမြန်ဆက်သွယ်ပေးရန် တိုက်တွန်းထားသည်။ ဧပြီ ၉ ရက်အထိ စုစုပေါင်း သေဆုံးသူ ၂၂ ဦး၊ ဒဏ်ရာရ ၉ ဦးနှင့် ပျောက်ဆုံးသူ ၇၂ ဦး ရှိနေဆဲဖြစ်ကြောင်း သိရသည်။



