ယမန်နေ့ဧပြီ ၁၀ရက်နေ့ ညနေခင်း မြန်မာစံတော်ချိန် ၆:၂၃ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ မြောက်ဘက်ပိုင်း၊ တောင်ငူမြောက်ပိုင်း ၂၁ မိုင်အကွာ၊ ရေတာရှည်မြောက်ဘက် ၄ မိုင်အကွာရှိ အင်ဒိုင်းအနီးတွင် မြေအောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၃.၂ အဆင့်ရှိ မြေငလျင်ငယ် တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။



