ငလျင်သင့်ဒေသရှိ သံဃာတော်များနှင့် ပြည်သူများအတွက် အထောက်အပံ့ပေးရန်အနေဖြင့် တာချီလိတ်မြို့ သံဃာတော်များက စုပေါင်း၍ ကျပ်သိန်း ၁,၀၀၀ လှူဒါန်းခဲ့ကြသည်။ ယင်းအလှူငွေကို တာချီလိတ် သံဃနာယကအဖွဲ့နှင့် ရပ်ကျေးသံဃနာယကအဖွဲ့ဆရာတော်များဦးဆောင်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။



