အဆိုတော်ကျားပေါက်ကတော့ သူဝါသနာပါတဲ့ Doodles Art လေးနဲ့ ဇနီးသည်ရဲ့ ကိုယ်ဝန်ဗိုက်လေးပေါ်မှာ ပုံဆွဲခဲ့တာဖြစ်ပြီး သူပုံရေးဆွဲနေချိန်မှာပဲ အထဲက သားသားလေးက ဗိုက်ထဲကနေ ကန်နေခဲ့တာဖြစ်ပါတယ်။ ဖခင်တစ်ယောက်အတွက်တော့ ပီတိဖြစ်ရတဲ့ အခိုက်အတန့်လေးပဲဖြစ်ကာ ကျားပေါက်က မကြာခင်မွေးဖွားလာမယ့် သားသားလေးကို Marshall လို့ ကြိုတင်ပြီး နာမည်ပေးထားတာလည်းဖြစ်ပါတယ်။



