back

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်သဖြင့် လူ ၈ ဦး‌သေဆုံးခဲ့

Apr 10 • 9:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်သဖြင့် လူ ၈ ဦး‌သေဆုံးခဲ့

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ မိုးကြိုးပစ်၍လူ ၈ ဦးထက်မနည်း‌သေဆုံးကာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ အော်အင်းဒီးယားရေဒီယိုတစ်၏သတင်း ကြေငြာချက်...

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ မိုးကြိုးပစ်၍လူ ၈ ဦးထက်မနည်း‌သေဆုံးကာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ အော်အင်းဒီးယားရေဒီယိုတစ်၏သတင်း ကြေငြာချက်အရသိရသည်။ အိန္ဒိယနိုင်ငံ၌မိုးကြိုးပစ်ပြီးလျှင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်မုန်တိုင်းတိုက်ခြင်းတို့သည် ဆက်လက်ဖြစ်ပွား‌လေ့ရှိသည်။ အဆိုပါဖြစ်စဉ်သည် ခရိုင်အခရိုင်အချို့ကိုထိခိုက်ခဲ့သည်ဟုသိရသည်။ “ဘီဟာမှာ မိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်လို့ လူ ၈ ဦးထက်မနည်း‌သေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်” ဟု အသံလွှင့်ဌာနကသတင်းကြေငြာ ခဲ့သည်။ သေဆုံးသူများသည် မိုးကြိုးပစ်ချိန်၌ လယ်ကွင်းထဲတွင်အလုပ်လုပ်နေကြချိန်ဖြစ်သဖြင့် ယခုကဲ့သို့ ‌ဆုံးပါးခဲ့ကြရခြင်းဖြစ်သည်ဟုလည်း ၎င်းတို့၏ သတင်းတွင် ကြေငြာခဲ့သည်။

news-view-count-icon

17