back

သွေးဆူနေသူ ထောင်ထွက်ထိုင်းအမျိုးသား နေအိမ်ပေါ်ကနေ သေနတ်ဖြင့် အိမ်နီးချင်းများကို ပစ်ခတ်

Apr 10 • 6:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

သွေးဆူနေသူ ထောင်ထွက်ထိုင်းအမျိုးသား နေအိမ်ပေါ်ကနေ သေနတ်ဖြင့် အိမ်နီးချင်းများကို ပစ်ခတ်

ထိုင်းနိုင်ငံ၊ ပတ်ချာဘန်းခရို၊င် ဘန်ကလောင်းခွန်ဝပ်အရပ်၊ ချွန်ဒင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဒေါသထွက်ရူးသွပ်စိတ်ဆိုးနေသော ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ထ...

ထိုင်းနိုင်ငံ၊ ပတ်ချာဘန်းခရို၊င် ဘန်ကလောင်းခွန်ဝပ်အရပ်၊ ချွန်ဒင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဒေါသထွက်ရူးသွပ်စိတ်ဆိုးနေသော ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ထောင်ထွက်တစ်ဦး အိမ်နီချင်းများနှင့်နေအိမ်များကိုလိုက်လံပစ်ခတ်ခြင်းကြောင့် ဧပြီ ၁၀ ရက် နံနက်ပိုင်းကတည်းက ရပ်ကွက်အတွင်း ထိတ်လန့်မှုများစွာ ဖြစ်နေရာ ဒေသစံတော်ချိန် ၁၁ နာရီ ဝန်းကျင်အထိ အန္တရာယ်မကင်းသေးကြောင်း သိရသည်။မာနော့ပန်ခလမ်မီးဆိုသည့် အမျိုးသားသည် ယခင်ကတည်းက ရပ်ကွက်အတွင်း ဒေါသကြီး ကြမ်းရမ်းပစ်ခတ်တတ်သဖြင့် ထောင်မကြာခဏကျသူဖြစ်ကာ ယခုလည်း အိမ်ပေါ်မှ သေနတ်ဖြင့်ဆက်တိုက်ပစ်ခတ်နေရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးအပါ ၄ ဦး ဒဏ်ရာရရှိပြီး ချွန်ဒင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။


news-view-count-icon

19