လာအိုမှ မွေးမြူထားသော ရေချို မြစ်ငါးတန်များကို တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ရာ မတ်လ ၃၁ ရက်တွင် ရှန်ကျန်းဆိပ်ကမ်းတွင် အကောက်ခွန်စစ်ဆေးမှု ခံယူခဲ့ပြီး အကောက်ခွန် ကင်းရှင်းချက် ရရှိခဲ့သည်။ အရည်အသွေးမြင့် ငါးတန်များကို လာအိုနိုင်ငံရှိ မဲခေါင်မြစ် ငါးတန်မွေးမြူရေးဇုန်တွင် မွေးမြူသည်။ ၎င်းငါးတန်မွေးမြူရေးဇုန်သည် ၂,၈၆၄ ဟက်တာ ကျယ်ဝန်းပြီး လာအိုတွင် အကြီးမားဆုံး ဖြစ်သည်။ တစ်နှစ်လျှင် တန်ချိန် ၂ သောင်းခန့် ထုတ်လုပ်နိုင်ပြီး ပြည်ပတင်ပို့ရန် ပြုပြင်ပေးပြီးသည့်အခါ ပြည်ပပို့ကုန်အဆင့် ငါးတန် တန်ချိန် ၁,၂၀၀၀ ခန့် ကုန်ချော ရရှိသည်။ လက်ရှိပေါက်ဈေးအရ ယွမ် သန်း ၃၃၀ ဖိုး ရှိသည်။ တစ်နှစ်လျှင် ငါးတန် တန်ချိန် ၅ သိန်းအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။
လာအိုမှ မွေးမြူထားသော ရေချို မြစ်ငါးတန်များကိုရှန်ကျန်းဆိပ်ကမ်းတွင် အကောက်ခွန်စစ်ဆေးမှု ခံယူခဲ့ပြီး အကောက်ခွန် ကင်းရှင်းချက် ရရှိခဲ့
Apr 10 • 6:43 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


